မင်္ဂလာဒုံမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

မင်္ဂလာဒုံ ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ၂၀၂၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအပါအဝင် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အခွန်ဦးစီးဌာနမှူး ရုံးခန်းမ၌ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်နိုင်သူက အခွန်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)