ကျောက်တန်းမြို့နယ်၌ မှုခင်းကျဆင်းရေးအသိပညာပေးဟောပြော

ကျောက်တန်း ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ပန်းတော ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦးမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ကျောက်တန်းမြို့နယ်ဌာနဆိုင်ရာများလည်း မှုခင်းကျဆင်း​ရေးနှင့် ပတ်သက်ပြီး အသိပညာများ ဟောပြောခဲ့ကြသည်။

အခမ်းအနားသို့ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သန်းဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ ကျောင်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နေလင်းကျော် (ပြန်/ဆက်)