နတ်မောက်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာစီစာကုံးပြိုင်ပွဲ ကျင်းပ

နတ်မောက် ဇွန် ၂၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်ကျောင်းတွင် ကျင်းပပြုလုပ်မည့် ကျောက်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင် စာဖတ်ရှိန်မြှင့်တင်ရေလှုပ်ရှားမှုအကြို အထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအကြို စာစီစာကုံးပြိုင်ပွဲကို မြို့ပေါ်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်း ကျောင်း(အောင်ဆန်း) နှင့် အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)မှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက“လူမှုဘဝမြင့်မားဖို့ စာဖတ်ရှိန်မြှင့်တင်စို့” ခေါင်းစဉ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အခြေခံပညာရေးကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့သည်။

လှဝင်း