ဟုမ္မလင်း ဇွန် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၌၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့်၊ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်၊ ဟုမ္မလင်းမြို့ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်၊ အသိပညာပေး ဟောပြောပွဲ၊ စိတ်ကြိက်ပန်းချီပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနံရံကပ်စာစောင်ပြပွဲကို၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် (၉) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာဟုမ္မလင်းမြို့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်၊ ဒေါ်ဝင်းယဥ်က၊ "မြန်မာအမျိုးသမီးများနေ့"အကြောင်း အသိပညာပေးဟောပြောခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်နန်းမဥ္ဇူအေးက၊ အသိပညာပေးဟောပြောပွဲများပြပွဲ၊ ပြိုင်များကျင်းပရခြင်းအကြောင်းနှင့် လူငယ်များအနေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များ၊ အထိမ်းအမှတ်နေ့များအကြောင်း သိရှိနားလည်ကြစေရန် လေ့လာမှတ်သားကြဖို့နှင့် သုတ/ရသစာအုပ်စာစောင်များလေ့လာဖတ်ရှုကြရန် တိုက်တွန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကိုပြုလုပ်ခဲ့ရာ၊ ဟုမ္မလင်းမြို့၊ (အထက၁)မှအလယ်တန်းဆင့်ကျောင်းသား၊ ကျောင်းသူ (၂၁) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသောပြိုင်ပွဲဝင်များအား၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများအသီးသီးချီးမြှင့်ခဲ့ကြသည်။
အဆိုပါမြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်၊ အသိပညာပေးဟောပြောပွဲနှင့် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲအခမ်းအနားသို့ ဟုမ္မလင်းမြို့ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန၌ ခင်းကျင်းပြသထားသော၊ သုတ/ရသစာအုပ်စာစောင်များ လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များအား အခမ်းအနားတက်ရောက်လာသူများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)