စလင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ မူးယစ်ဆေးဝါးအန္တရာယ် လူငယ်အသိပညာ​ပေး ဟောပြောပွဲ

စလင်း ဇွန် ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မိုးလုံလေလုံအားကစား ခန်းမဆောင်တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင်  ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇွန်လ(၂၂)ရက် နံနက် (၁၀) နာရီအချိန်က မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့် အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲဆောင်ရွက်ရာ၌ ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းသီဟဇော်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ဥပဒေ အရာရှိ ဦးကျော်ဇေယျာလင်းက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခြင်း၊ မြို့နယ်ဒုရဲတပ်ဖွဲ့မှူး အောက်ကျော်ဌေးက လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဆိုင်ရာ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစောလွင်ဦးမှ   သဘာဝဘေးအန္တရာယ် ဆိုင်ရာအကြောင်း၊ မြို့နယ် လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ၊မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမြင့်ခိုင်မှ လျှပ်စစ်ဓါတ်အားသုံးစွဲခြင်းနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းအောင်  ကိုင်တွယ်အသုံးပြုရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဟောပြောခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှမြို့ နယ်ဦးစီးမှူး ဦးဇော်လင်းမှ  စက်မှု၊စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ တက်ရောက်နိုင်ရေး အသိပညာပေးဟောပြောခြင်း၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး ဇင်မင်းထိုက်မှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း များကို အသိပညာပေး ဟောပြောခဲ့​ပြီးနောက်  ဌာနဆိုင်ရာအလိုက် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)