ချောင်းဆုံ ဇွန် ၂၄
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိတောင်သူများ ကော်ဖီစိုက်ပျိုး၍ ဝင်ငွေတိုးစေရန်အတွက် ကော်ဖီပင်များတိုးချဲ့ စိုက်ပျိုးနိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သည့်အနေဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား ရိုဘက်စတာ (Robusta) ကော်ဖီပျိုးပင်များပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ မော်လမြိုင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်နိုင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်လွင်က ကော်ဖီစိုက်ပျိုးရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ တောင်သူများ၏ သိရှိလိုသည်များကို ပြန်လည်ဖြေကြားခဲ့ပြီးနောက် တာဝန်ရှိသူများမှ ကမနင်းကျေးရွာနှင့် ညောင်လန်းကျေးရွာတို့မှ တောင်သူ (၄) ဦးတို့အား ရိုဘက်စတာ (Robusta) ကော်ဖီပျိုးပင် (၂၀၀၀) ပင်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုကျော်(ချောင်းဆုံ)