ပြည်မြို့ အ.ထ.က (၃) ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပ

ပြည် ဇွန် ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်များ စာပေဗဟုသုတ ကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်မြို့၊ အ.ထ.က (၃) မြတ်ရတနာပန်းခင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က (၃) မှ ကျောင်းသား၊ ကျောင်းသူမောင်မယ်များက "ဇာတိမာန်" သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို အောင်မြင်စွာ ဖွင့်လှစ်ပေခဲ့ပြီးပြည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲနီထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစည်သူအောင်က ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ပြည်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန(အား/ကာ)မှ ဦးသန်းဇော်ဝင်းက အားကစားဆိုင်ရာများ အသိပညာပေးခြင်းကိုလည်းကောင်း အသီးသီး ဟောပြောဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် "လူငယ်စကားဝိုင်း" အစီအစဉ်ကို ဆက်လက်ကျင်းပရာ ခေါင်းစဉ်ကဏ္ဍအလိုက် အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြသည်။ ထိုသို့ဆွေးနွေးရာတွင် ပြည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမိုးနှင့်မြို့နယ်ပညာ‌ရေးမှုးရုံးမှဒုတိယမြို့နယ်ပညာ‌ရေးမှူး‌  ဦးမြဦးတို့က‌ စေ့စပ် ညှိနှိုင်း‌ရေးမှူးအဖြစ် ဆောင်ရွက်ပြီး   Grade - 11 မှ မထက်ထက်ဝင့်ဖြူက "လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ချစ်ချစ် "လူငယ်နှင့် အားကစား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရွှန်းလဲ့ဦး က "လူငယ်နှင့် စာပေ" ခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးခဲ့ကြပြီး Grade - 10 မှ မောင်‌အေးချမ်းနိုင်က "လူငယ်နှင့် ဆိုရှယ်မီဒီယာ" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မခင်သက်ထားကျော် က "လူငယ်နှင့် သဘာဝပတ်ဝန်းကျင်" ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

အဆိုပါလူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲနီထွန်းက  အမှတ်တရဂုဏ်ပြုချီးမြှင့်‌ငွေနှင့် လက်ဆောင်ပစ္စည်းများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထား‌ သောနံရံကပ်စာစောင်များနှင့် စာအုပ် စာစောင်များကို ဌာနဆိုင်ရာများ၊ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ ဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

ဝဏ္ဏထွန်း(ပြန်/ဆက်)