လမ်းမတော် ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ဦးစွာ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လင်းယုလှိုင်ဝင်းက စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် "ကျွန်တော့်ဘဝကို လွှမ်းမိုးသော စာအုပ်များမှသည် လူငယ်များသို့" စာအုပ်မှ အခန်း (၁၄) တွင်ပါရှိသည့် "စာဖတ်ခြင်းဖြင့်ရရှိသည့် အကျိုးကျေးဇူးများအကြောင်း၊ စာဖတ်ခြင်းဖြင့်အသိအမြင်ကျယ်စေတယ်၊ အတွေးသစ်နိုးကြားစေတယ်၊ နှလုံးသားကိုနူးညံ့စေတယ်၊ ရင့်ကျက်စေတယ်၊ စာနာတတ်စေတယ်၊ စိတ်ကောင်းနှလုံးကောင်းဖြစ်စေတယ်၊ နှစ်သက်မှုပေးတယ်၊ လူငယ်တွေစုပေါင်းပြီး ဖတ်သင့်တဲ့စာအုပ်ကောင်းတွေကို စာဖတ်အသင်းဖွဲ့ကာ ဖတ်ကြ၊ ဆွေးနွေးကြ၊ ကောင်းမွန်တဲ့ အသိဉာဏ်ဗဟုသုတတွေကို ထပ်ဆင့်ဖြန့်ဖြူးဝေငှ၊ လောကကောင်းကျိုးကို မိမိဘဝမြှင့်တင်နေရင်း လုပ်ဆောင်ပေးကြမယ်ဆိုရင် လူ့အဖွဲ့အစည်းဟာ သိသိသာသာတိုးတက်လာမည်" စသည့်အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက မိမိတို့မှတ်မိသမျှ စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)