ကော့မှူး ဩဂုတ် ၆
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူ များထံသို့ ယနေ့ နံနက်က အချိန်နှင့်တစ်ပြေးညီ အတိုးနှုန်းသက်သာစွာဖြင့် ဆက်လက်ထုတ်ချေးပေးနေကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် ၂၀၂၀ ပြည့်နှစ် မေလ(၁၅)ရက်မှ ဩဂုတ်လ ၅ ရက်နေ့အထိ မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု (၆၀) အုပ်စု၊ တောင်သူ(၅၉၁၅)ဦး၊ ဧကပေါင်း(၃၆၆၃၇)ဧကအတွက် ထုတ်ချေး ငွေပေါင်း(၅၄၉၅.၅၅)ကျပ်သန်းကျော် ထုတ်ချေးပေး ခဲ့ပြီး တစ်ဧကလျှင် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် အများဆုံး(၁၀)ဧကအထိ ထုတ်ချေးပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဒေါ်ဒေစီရွှေထံမှ သိရသည်။
ကော့မှူးမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ထုတ်ချေးပေးလျက်ရှိပြီး ငွေလာထုတ်သူများအတွက် လက်ဆေးကန်များ ထားရှိပေးထားပြီး နှာခေါင်းစည်း Mask တပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေကွာစေခြင်းများဖြင့် စနစ်တကျ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကျော်သူရ - ကော့မှူး