ကန့်ဘလူ ဇွန် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်( ၁)အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇွန် ၂၄ ရက် နံနက်က လူထုအခြေပြုဗဟိုဌာန၌ကျင်းပသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိသင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလ အတွဲ (၅၁)၊ အမှတ် (၁) သုတပဒေသာနှင့်လူငယ်ရေးရာစာစောင်အုပ်မှ ဆရာ ကိုဇော်ဌေး (ယဥ်ကျေးမှု) ရေးသားသည့် ဗလငါးတန်ပြည့်ဝဖို့ မူးယစ်ဆေးဝါးရှောင်ရှားစို့ ဆောဂ်းပါးနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကဏ္ဍ ၁၆ ရပ်ရှိကြောင်း နှင့်လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံရေးအတွက် အကြီးမားဆုံးသော အဖျက်ရန် သူဖြစ်သည့် မူးယစ်ဆေးဝါးကို အထူးရှောင် ရှားရမည်ဖြစ်ကြောင်းတို့ကို ဦးဆောင်ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူ ကျောင်းသားကျောင်းသူများက အဆိုပါဆောင်းပါး နှင့်ပတ်သက်၍ မိမိတို့၏အမြင်များကို ပြည်လည်ဆွေးနွေး ကြကြောင်းနှင့်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)