ကြို့ပင်ကောက်မြို့နယ်တွင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ကြို့ပင်ကောက် ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်မီတာ (၄၀၀) အားကစားကွင်းတွင် ဇွန်လ ၂၃ ရက်နေ့ကကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက ယခုပြိုင်ပွဲမှတစ်ဆင့် ခရိုင်အဆင့် တိုင်းအဆင့်နှင့် နိုင်ငံတော်အဆင့်ပြိုင်ပွဲများတွင် ပါဝင်ကစားနိုင်မည့် ထူးချွန်ထက်မြက်သည့် အားကစားသမားများအား ရွေးချယ်သွားမည်ဖြစ်ပြီး မြို့၏ဂုဏ်သိက္ခာ၊ မြို့၏စည်းလုံးညီညွတ်မှုကို ပြသနိုင်မည့် အစဉ်အလာကောင်းအဖြစ် မှတ်တမ်းတင်နိုင်မည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးထက်မှ ဘောလုံးပြိုင်ပွဲ စပေးဘောကိုကန်၍ဖွင့်လှစ်‌‌ပေးခဲ့သည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား ပြိုင်ပွဲကို ဇွန်လ ၂၃ ရက်နေ့မှစပြီး ဘောလုံးအသင်း သုံးသင်းပတ်လည် လေးအုပ်စုယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဖွင့်ပွဲနေ့တွင် စက်တိုင်ကုန်းရပ်ကွက်အသင်းနှင့် ရွာမမြောက်ရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)