ပန်းတောင်း ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများအား စပါးခွံမီးသွေး၊ သဘာဝမြေသြဇာ(ဘိုင်အိုချာ)ထုတ်လုပ်၍ စပါးခွံပေါင်းခံရည်ထုတ်လုပ်မှု သရုပ်ပြပွဲကို ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊သိုလှောင်ရုံ၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးသင်းက စပါးခွံမီးသွေး၊ သဘာဝမြေသြဇာ(ဘိုင်အိုချာ)ထုတ်လုပ်၍ စပါးခွံပေါင်းခံရည်ထုတ်လုပ်မှု၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်ရေးအတွက် အသုံးပြုပုံနှင့် ထုတ်လုပ်နည်းများကို ရှင်းလင်းပြောကြားပြီး တောင်သူများက သိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးသင်း၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးလင်းလင်းထွန်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစောမြင့်ဦး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးနှင့် တက်ရောက်လာကြသော ဒေသခံတောင်သူများက လက်တွေ့သရုပ်ပြသမှုအား ကြည့်ရှလေ့လာ ခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)