မြဝတီ ဇွန် ၂၆
ကရင်ပြည်နယ် မြဝတီမြို့တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်ပြားများပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၂၆ ရက် နံနက် ၉ နာရီခွဲက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲလင်းမောင်က အမှာ စကားပြောကြားသည်။
ဆက်လက်ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့်အဖွဲ့ဝင် ဦးအောင်မျိုးထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မော်အောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ကျော်သန်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးအုန်းမြင့်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက နိုင်ငံတော်ရက်(၁၀၀) လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ မရှိသေး သောအသက် (၁၀)နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၂၄)ဦးတို့ကို လက်ဝယ်အရောက် ပေးအပ်သည်။
မြဝတီမြို့ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ကျော်သန်း၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက နိုင်ငံတော်ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အခြေခံပညာကျောင်းများ အလိုက် ဇွန်(၃)ရက်မှစ၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ အသက်(၁၀)နှစ် နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၁၄၈၀)နှင့်အသက် (၁၈)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ (၅၂၇)ဦး စုစုပေါင်း (၂၀၀၇)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)