ညောင်လေးပင် ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ်ရှိ ပြည်သူ့ဆေးရုံများတွင် ဆေးရုံကူးစက်ရောဂါထိန်းချုပ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းကို ဇွန် ၂၄ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောကလျာမှ ဦးဆောင်၍ မြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများတွင် လူနာနှင့် ကျန်းမာရေးဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးကို တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်၍ ဆေးရုံမှတဆင့် ကူးစက်တတ်သော ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (IPC) ကော်မတီများဖွဲ့စည်းခြင်း ၊ Action Plan များရေးဆွဲခြင်း၊ ဝန်ထမ်းများအား သင်တန်းပေးခြင်း၊ Infection Control Checklist ဖြင့် စစ်ဆေးကြီးကြပ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)