လသာမြို့နယ်ရှိ ရပ်ကွက်များတွင် မဲဆန္ဒရှင်များ၏ အမည်စာရင်းကြေညာထားရှိမှု  တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

လသာ   ဩဂုတ်   ၆

ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ  အဖွဲ့ဝင်များက ယမန်နေ့  နံနက်ပိုင်းတွင် ရပ်ကွက်များသို့ သွားရောက်၍    မဲဆန္ဒရှင်များ၏ အမည်စာရင်း ကြေညာထားရှိမှုကို ကွင်းဆင်းစစ်ဆေးကြည့်ရှု ခဲ့ကြောင်း သိရသည်။

တာဝန်ရှိသူများသည်   လသာမြို့နယ်အတွင်းရှိ အမှတ် (၁)ရပ်ကွက်၊ အမှတ်(၂) ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်နှင့် အမှတ်(၄) ရပ်ကွက်များရှိ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲ ရုံးများ၌ ပထမအကြိမ် မဲဆန္ဒရှင်များ၏စာရင်းများ ကပ်ထား ကြေညာထားရှိမှုအခြေအနေ၊ ပြည်သူများ လာရောက် ကြည့်ရှုမှု အခြေ အနေ၊ မဲစာရင်းတွင် သတ်မှတ် ချက်အတိုင်း ဆောင်ရွက်ထားမှု အခြေအနေများကို မေးမြန်းခဲ့ပြီး ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အဖွဲ့ဝင် များအား  တွေ့ဆုံ၍  လိုအပ်သည်များကို  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန်  ပြောကြားခဲ့ကြောင်း သိရသည်။

မေသူ