မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ရာနှုန်း ပထမဆင့် ဘီးလင်းမြို့နယ်ရရှိ

ဘီးလင်း ဇွန် ၂၈

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက်ပိုင်းတွင်  ထုတ်ပြန်ခဲ့ရာ  ဘီးလင်းမြို့နယ်၌ တက္ကသိုလ်ဝင်စာ‌မေးပွဲ အောင်မြင်သူ  ၄၆၀ ရှိကြောင်းသိရသည်။

ဘီးလင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးသို့ ဝင်ရောက်ဖြေဆိုသူ ( ၇၀၁ ) ဦးရှိပြီး ၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၅ ဦး ၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၉ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၁၆ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၂၈ ဦး၁ ဘာသာဂုဏ်ထူးရှင် ၇၂ နှင့် ရိုးရိုးအောင် ၃၃၀ ဦး စုစုပေါင်း (၄၆၀ ) ဦးအောင်မြင်ခဲ့ရာ စုစုပေါင်းအောင်မြင်မှု ၆၅ ဒသမ ၆၂ ရာခိုင်နှုန်းဖြင့် မွန်ပြည်နယ်တွင် အောင်မြင်မှုရာခိုင်နှုန်း ပထမဆင့်ရရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦး ထံမှသိရသည်။

မြို့နယ် (ပြန်/ဆက်)