ကျိုက်ထိုမြို့နယ်၌တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရရှိသူ (၁၂၃)ဦးရှိပြီး အောင်မြင်သူ (၅၆၉)ဦးရှိ

ကျိုက်ထို    ဇွန်     ၂၈

မွန်ပြည်နယ် ကျိုက်ထိုခရိုင် ကျိုက်ထိုမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယနေ့ နံနက် ၄ နာရီမှစတင်၍ မြို့နယ်ပညာ‌ရေးမှူးရုံးနှင့် စာစစ်ဌာနများ၌ ထုတ်ပြန်ရာ ကျိုက်ထိုမြို့နယ်အတွင်း၌ ဂုဏ်ထူးရရှိသူ(၁၂၃)ဦးရှိပြီး အောင်မြင်သူ (၅၆၉)ဦး  ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အထက‌(၁)ကျိုက်ထို၊အထက(၂)ကျိုက်ထို ၊အထက(သိမ်ဇရပ်) စာစစ်ဌာန(၃) ခုတို့၌ ကျင်းပခဲ့ရာ ဝင်ရောက်ဖြေဆိုသူစုစုပေါင်း (၉၆၅) ဦးရှိပြီး  (၅၆၉) ဦး အောင်မြင်ကြောင်း၊ အောင်မြင်သူများအနက် ၅ ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ ၄ ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ ၃ဘာသာဂုဏ်ထူးရှင် (၁၇)ဦး၊ ၂ ဘာသာ ဂုဏ်ထူး ရှင် (၂၃) ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် (၇၁)ဦး၊  စုစုပေါင်း ဂုဏ်ထူးရရှိသူ (၁၂၃) ဦးရှိပြီး မြို့နယ်၏ အောင်ချက်ရာခိုင်နှုန်းမှာ ၅၈ ဒသမ ၉၆ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပြည့်ဖြိုး(ပြန်/ဆက်)