ပေါင်မြို့နယ်၌ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကျင်းပ

ပေါင် ဇွန် ၂၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဖြူဘ - သဲကုန်း ကားလမ်းဘေးရှိ ရင်းငြိမ်ချောင်းအတွင်းသို့ စီးဝင်သည့် ဖြူဘကျေးရွာတူးမြောင်း၌ ကျင်းပခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ သထုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုးဝင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေးနွေးနှင့်အဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ၂ လက်မအရွယ်ခန့်ရှိ ငါးမြစ်ချင်းသားပေါက် ကောင်ရေ (၉၀,၀၀၀) နှင့် ငါးခုံးမသားပေါက် ကောင်ရေ (၆၀,၀၀၀) ၊ စုစုပေါင်း ငါးသားပေါက် ကောင်ရေ (၁၅၀,၀၀၀) အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်းသိရသည်။

မွန်မလေး(ပြန်/ဆက်)