ရွှေကျင် ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို အ-ထ-က(ရွှေကျင်)ကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ထုတ်ပြန် ကြေညာပေးခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အ-ထ-က(ရွှေကျင်)ကျောင်း စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ကျောင်းသူများ၏ အောင်စာရင်းများအား အ-ထ-က (ရွှေကျင်)ကျောင်းတွင် ကြော်ငြာသင်ပုန်းဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ ဖြေဆိုခွင့် လျှောက်ထား သော ကျောင်းသား၊ကျောင်းသူ (၆၅၅) ဦးရှိပြီး ဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ကျောင်းသူ (၆၀၆) ဦးတွင် (၂၄၂) ဦးအောင်မြင်ခဲ့ပြီး ခြောက်ဘာဂုဏ်ထူးရှင် (၁)ဦး၊ လေးဘာသာဂုဏ်ထူးရှင် (၁) ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၄) ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၆)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၂၂)ဦးနှင့် ရိုးရိုးအောင် (၂၀၈)ဦးတို့ ထူးချွန်စွာအောင်မြင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)