ပေါင်းတည် ဇွန် ၂၉
၂၀၂၅ - ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့ နံနက် ၆ နာရီက တစ်နိုင်ငံလုံး တစ်ပြိုင်နက် ထုတ်ပြန်ကြေညာခဲ့ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုခဲ့သူများမှ ၅၉ ဒသမ ၁၅ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်စာစစ်ဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၉၀ ဦး ဝင်ရောက် ဖြေဆိုခဲ့ကြရာ ငါးဘာသာဂုဏ်ထူးရှင် ၁ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၈ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၈ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၀ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၄၁ ဦး၊ စုစုပေါင်း ၆၈ ဦး ဂုဏ်ထူးဖြင့်ထူးချွန်စွာ အောင်မြင်ခဲ့ကြပြီး၊ ရိုးရိုးအောင်မြင်သူ ၂၈၁ ဦး၊ စုစုပေါင်း အောင်မြင်သူ ၃၄၉ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ရွှေသား(ပြန်/ဆက်)