ကျိုက်မရောမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၄၉.၀၇ ရှိ

ကျိုက်မရော ဇွန် ၂၉

မွန်ပြည်နယ်  ကျိုက်မရောမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်  တက္ကသိုလ်ဝင် (Grade-12) စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က ကျိုက်မရောကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ထုတ်ပြန်ကြေငြာထားသည်။

ကျိုက်မရောမြို့နယ်တွင် ၂၀၂၆-ခု တက္ကသိုလ်ဝင် စာမေးပွဲကို (၃၂၂) ဦး ဝင်ရောက်ဖြေဆိုရာ၌ အောင်မြင်သူ စုစုပေါင်း (၁၅၈)ဦးရှိပြီး လေးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၁ ဦး၊ သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၁ ဦး ၊ နှစ်ဘာသာ ၄ ဦး ၊ တစ်ဘာသာ ၁၈ ဦး  စုစုပေါင်း ဂုဏ်ထူးဖြင့်အောင်မြင်သူ (၂၄)ဦး ရှိကြောင်းနှင့် အောင်ချက်ရာခိုင်နှုန်းမှာ (၄၉.၀၇) ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)