သာယာဝတီ ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်း ငါးသယံဇာတပေါများကြွယ်ဝစေရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပေါများစေရေး စသည့်ရည်ရွယ်ချက်ဖြင့် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနက သာယာဝတီမြို့ ဖိုးခေါင်-စံရွေးဆက်သွယ်ထားသော မြစ်မခမြစ်ကူးတံတားအနီးရှိ မြစ်မခမြစ် သဘာဝရေပြင်အတွင်းသို့ ယမန်နေ့နံနက် ၉ နာရီက ငါးမြစ်ချင်းနှင့် ငါးခုံးမသားပေါက်ကောင်ရေ (၁၅၀၀၀၀)ကို ငါးမျိုးစိုက်ထည့်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ သာယာဝတီခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး စိုးခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆန်းဟို၊ ခရိုင်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်ထွန်းနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၈၀)ဦးခန့် တက်ရောက်၍ နှစ်လက်မအရွယ် ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၈၀၀၀၀)၊ ငါးခုံးမသားပေါက်ကောင်ရေ (၇၀၀၀၀)၊ စုစုပေါင်းငါးသားပေါက်ကောင်ရေ (၁၅၀၀၀၀)ကို မြစ်မခမြစ်သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)