သင်္ဃန်းကျွန်း ဇွန် ၂၉
အားကစားရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်နှင့် မြန်ရွှေပြည်ထရက်တာလီမိတက်တို့ ပူးပေါင်းကျင်းပပြုလုပ်သည့် (၆၄) ကြိမ်မြောက် အမျိုးသားတံခွန်စိုက် စက်ဘီးစီးပြိုင်ပွဲအား ယမန်နေ့နံနက်ပိုင်းက သုဝဏ္ဏအားကစားကွင်း ပတ်လမ်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးက သေနတ်ပစ်ဖောက်၍ (၆၄) ကြိမ်မြောက် အမျိုးသားတံခွန်စိုက်စက်ဘီးပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဆုပေးပွဲ ဆက်လက်ကျင်းပရာ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းနှင့်ဇနီး ms ဝင်ဒီ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးသန့်ထွန်း၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဘဏ္ဍာရေးမှူး ဦးအောင်နိုင်စိုး၊ ရန်ကုန်တိုင်းစက်ဘီးဆပ်ကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် စက်ဘီးစီးအဖွဲ့ ဒိုင်ချုပ်တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)