ပန်းဘဲတန်းမြို့နယ် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၌ စာကြည့်တိုက်မှူးများနှင့် AI (Artificial Intelligence) ဟောပြောပို့ချမှုနှင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ရန်ကုန် ဇွန် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၌ စာကြည့်တိုက်မှူးများနှင့် AI (Artificial Intelligence) ဟောပြောပို့ချမှုနှင့် အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့  နံနက် ၁၀ နာရီအချိန်က သမိုင်းသုတေသနနှင့် အမျိုသားစာကြည့်တိုက်(ရန်ကုန်)တွင် ကျင်းပပြုလုပ်သည်။
အဆိုပါ ဟောပြောပွဲတွင် သမိုင်းသုတေသနနှင့်အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဌေးဌေးဆွေက အဖွင့်အမှာစကား ပြောကြားပြီး စာကြည့်တိုက်နှင့် သုတပညာ၊ ပညာရေး သုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ပါမောက္ခ(ငြိမ်း) ဒေါက်တာထွန်းအောင်က Al and its Usefulness ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆီမီယိုဒေသဆိုင်ရာသမိုင်းနှင့် ရိုးရာဓလေ့ဌာနမှ ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာခင်လေးစိုးက “မြန်မာနိုင်ငံရှိ စာကြည့်တိုက်များအတွက် ဉာဏ်ရည်တု အသုံးပြုရေးဆိုင်ရာ မူဝါဒချမှတ်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း  ဟောပြောပို့ချခဲ့ကြသည်။
ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဌေးဌေးဆွေက နိဂုံးချုပ်စကား ပြောကြားသည်။ ဆက်လက်၍ စာကြည့်တိုက်မှူးများနှင့် AI (Artificial  Intelligence) အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားအား ကျင်းပခဲ့ရာ  အခမ်းနားသို့ တက်ရောက်လာသော အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ၊ စာကြည့်တိုက်မှူးများ၊ မော်ကွန်းတိုက်မှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များမှ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြမှုအပေါ် ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့်ရိုးရာဓလေ့ဌာနက ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါက်တာခင်လေးစိုးက အလုပ်ရုံဆွေးနွေးပွဲ ရလဒ်များနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးခြင်းများအပေါ် အတည်ပြုပေးခြင်းများပြုလုပ်ပြီး အမျိုးသား စာကြည့်တိုက်(ရန်ကုန်) ညွှန်ကြားရေးမှူး ဒေါက်တာကေသီအေးက အလုပ်ရုံဆွေးနွေးပွဲ တက်ရောက် လာကြသူများအား မုဒိတာစကား ပြောကြားခဲ့ပြီး‌ ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်းများ နှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။

ခင်ဝင်းမူ(ပြန်/ဆက်)