“ရွှေရောင်သမိုင်း” လူမှုကယ်ဆယ်ရေးအသင်း (၁၁)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် စေတနာ့ဝန်ထမ်းအသင်းဝင်များအား ဂုဏ်ပြုပွဲကျင်းပ

ရန်ကုန် ဇွန် ၂၉

“ရွှေရောင်သမိုင်း” လူမှုကယ်ဆယ်ရေးအသင်း(၁၁)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် စေတနာ့ဝန်ထမ်းအသင်းဝင်များအား ဂုဏ်ပြုပွဲကို ဇွန်လ ၂၇ ရက်မွန်းလွဲပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ သမိုင်းအမှတ်(၂)ရပ်ကွက်၊ အထက်ဗဟိုလမ်းရှိ ပေါ်တော်မူဓမ္မဗိမာန်ခန်းမ၌ ကျင်းပသည်။

ဦးစွာ အသင်း၏ဆောင်ရွက်ခဲ့မှု မှတ်တမ်းဗီဒီယိုပြသပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦး​ဌေး​အောင်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ဆက်လက်၍ “ရွှေရောင်သမိုင်း” လူမှုကယ်ဆယ်ရေးအသင်းဥက္ကဋ္ဌ ဦးဇွဲရန်နိုင်က ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး သဘင်အစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ ဦးဖိုးချစ်က မုဒိတာစကား​ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များကို အသင်းဥက္ကဋ္ဌက ဂါရဝပြုလက်ဆောင်ပေးအပ်သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသင်းဝင်စေတနာ့ဝန်ထမ်းများနှင့် အလှူရှင်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

​အောင်မြင့် (ပြန်/ဆက်)