မော်လမြိုင်မြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကျင်းပ

မော်လမြိုင် ဇွန် ၂၉

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေးစေရေးနှင့် လိုက်နာဆောင်ရွက်ကြစေရေးအတွက် ယနေ့နံနက်ပိုင်းက အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အမှတ်(၇၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မော်လမြိုင်)မှ  ရဲအုပ်အောင်ခိုင်စိုးက ကျောင်းသား/သူများ အနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းဝေး စေရေး နှင့် အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရည်မှန်းချက်များ အောင်မြင်ရေးအတွက် ကျောင်းသား/သူများနှင့် ပြည်သူ အားလုံး၏ လိုက်နာပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးကြောင်းတို့ကို ကျောင်းသား/ သူ (၂၀၂)ဦးအား အသိပညာပေး ဆွေးနွေးဟောပြောပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်ပြန်/ဆက်