မြောက်ဥက္ကလာပမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေပေး

မြောက်ဥက္ကလာပ ဇွန် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်အတွင်း သွားလာနေကြသော မော်တော်ယာဉ်မောင်းနှင်းနေသူများ ယာဉ်အန္တရယ်ကင်းရှင်းစေရေး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာနိုင်ရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များအား ယနေ့နံနက်ပိုင်းက သုဓမ္မာလမ်းမကြီးပေါ်၊ ဥက္ကလာသီရိပန်းခြံရှေ့၊ U Turn မီးပွိုင့်အနီးတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အမှတ် (၃၅) ယာဥ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်တပ်စုမှူး ဒုတိယရဲမှူးလှိုင်ဝင်းအောင်နှင့် တပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့က သုဓမ္မာလမ်းမကြီးပေါ်၊ ဥက္ကလာသီရိပန်းခြံရှေ့၊ U Turn မီးပွိုင့်အနီးတွင် သွားလာနေကြသော မော်တော်ယာဉ်မောင်းနှင်းနေသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ၊ယာဉ်မောင်းနှင်စဉ် အသက်ကယ်ထိုင်ခုံခါးပတ်ပတ်၍ မောင်းနှင်းကြရန်၊ ယာဉ်မောင်းနှင်းစဉ် လက်ကိုင်ဖုန်းအသုံးမပြုရန်နှင့် သတ်မှတ်ဖောင်းကြွနံပါတ်ပြားမဟုတ်ဘဲ အလှနံပါတ်ပြားမတပ်ရန်နှင့် ပါဝါအိတ်ဇောမတပ်ရန် ယာဥ်/ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)