ကော့မှူး ဇွန် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ည ၈ နာရီက မြို့မဈေးကြီး၌ ဈေးပိတ်ချိန်အတွင်း မီးကြွင်းမီးကျန်များ ကျန်ရှိမှုမရှိစေရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်နေကြကြောင်း သိရသည်။
ထိုသို့ လိုက်လံစစ်ဆေးရာတွင် ပြည်တော်သာရပ်ကွက်ရှိ မြို့မစျေးအား စျေးပိတ်ချိန်တွင် မီးကြွင်းမီးကျန်များ ကျန်ရှိမှုမရှိစေရေး၊ လုံခြုံရေးမီးလိုင်းမှအပ မလိုအပ်သော လျှပ်စစ်မီးလိုင်းများ ပိတ်ထားစေရေး၊ စျေးလုံခြုံရေးအတွက် မီးကင်းများ စနစ်တကျချထားစေရေးနှင့် အခြားသော မီးဘေးလုံခြုံရေးကိစ္စရပ်များအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသွန်ယုနိုင်နှင့် သန္ဓေတပ်ဖွဲ့ဝင် (၄) ဦး၊ စျေးတာဝန်ခံ ဦးအေးသွင်နှင့် စျေးလုံခြုံရေးအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်အတွင်း မီးအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်နေခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)