လှိုင်းဘွဲ ဩဂုတ် ၆
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အသက် (၅) နှစ်အောက်ကလေးငယ်များကို ဗီတာမင်အေနှင့် သန်ချဆေးများကို (ခ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် (၉) နာရီအချိန်က စတင်တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဗီတာမင်အေနှင့် သန်ချဆေးများတိုက်ကျွေးရာတွင် “ကလေးများ သန်မာဖွံ့ဖြိုးဉာဏ်ရည်တိုးဖို့ သန်ချဆေးကို တိုက်ကျွေးစို့” ဆောင်ပုဒ်နှင့်အညီ ကလေးငယ်များ အာဟာရချို့တဲ့မှုကို ကာကွယ်ပေးခြင်း၊ သွေးအားနည်းရောဂါကို ကာကွယ်ပေးခြင်း၊ ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ကာ သွက်လက်ထက်မြက်စွာ လှုပ်ရှားသွားလာ နိုင်ရေး စသည့်အကျိုးကျေးဇူးများရရှိစေရန် ရည်ရွယ်ပြီး လှိုင်းဘွဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တာဝန်ခံဆရာမ များနှင့် တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများတို့က စုပေါင်းဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိသော ရပ်ကွက်/ကျေးရွာများတွင်လည်း ဆက်လက်တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)