ချောင်းဆုံမြို့နယ် မဟာကန်တော်ကြီးတွင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပ

ချောင်းဆုံ      ဩဂုတ် ၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ငါးသယံဇာတဖွံ့ဖြိုးတိုးပွားရေး၊ ဒေသတွင်း ပြည်သူများ ငါးစားသုံးမှုဖူလုံရေးနှင့် ငါးမျိုးများ ပေါက်ဖွားမှုနှုန်း တိုးတက်စေရန်ရည်ရွယ်၍ ယနေ့နံနက်က ချောင်းဆုံမြို့ မဟာကန်တော်ကြီးနှင့် နတ်မှော်ကျေးရွာ လယ်စိုက်ဧကတို့တွင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ငါးလုပ်ငန်းဦးစီးဌာနမှ ကျင်းပပြုလုပ်ရာ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းနောင် နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြပြီး ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ငါးခုံးမကြီး စုစုပေါင်း ငါးသား ပေါက်ကောင်ရေ(၆၀၀၀၀)ကျော်ကို စိုက်ထည့်ပေးခဲ့ကြောင်း သိရှိရသည်။

ထူးအိမ်(ပြန်/ဆက်)