ညောင်လေးပင် ဩဂုတ် ၆
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ညောင်လေးပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ရုံးအစည်းအဝေးခန်းမတွင် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းဝင် ကျေးရွာများအား ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ ကျော်လင်းက အဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်မျိုး က ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း လွှဲပြောင်းပေးအပ်ခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် စီမံကိန်းဝင် ကျေးရွာ ရှစ်ရွာမှ ကျေးရွာ ကော်မတီဝင်များထံ ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ကြသည်။
အဆိုပါစီမံကိန်းကို ကိုဗစ် -၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ဆောင်ရွက်ခြင်းဖြစ်ပြီး စီမံကိန်းဆောင်ရွက် မည့် ကျေးရွာ တစ်ရွာလျှင် အိမ်ခြေအရေအတွက် ပေါ်မူတည်ပြီး အရင်းမပျောက် မတည်ရန်ပုံငွေ ကျပ်သိန်း ၁၀၀ တစ်ရွာ၊ ကျပ်သိန်း ၂၀၀ နှစ်ရွာ၊ ကျပ်သိန်း ၃၀၀ ငါးရွာ၊ စုစုပေါင်း ကျေးရွာရှစ်ရွာတွင် ငွေကျပ်သိန်း ၂၀၀၀ ဖြင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ အဆိုပါရန်ပုံငွေများကို ကျေးရွာပြည်သူများက အတိုးနှုန်း ပြား ၅၀ ဖြင့် ထုတ်ချေးနိုင်ကြောင်း သိရသည်။
သက်လွင် (ညောင်လေးပင်)