ပန်းတောင်း သြဂုတ် ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွ ရွေးကောက်ပွဲတွင် မဲရုံများ အလိုက် ခန့်ထားမည့် တာဝန်ထမ်းဆောင်ရန် အထူးရဲများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို ဝန်လိုရပ်ကွက် ပေါ်တော်မူ(ရှင်ဖြူ)ရှိ မိုးကုတ်ဝိပဿနာ တရားရိပ်သာဓမ္မာရုံ၌ ယမန်နေ့ နံက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စောမြင့်၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး မင်းညို၊ ပန်းတောင်း မြို့မ ရဲစခန်းမှူး ဒုရဲမှူး အေးကိုကို၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးကိုကိုဝေဟိန်း၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ဝင်း၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံများအလိုက် ခန့်ထားမည့်၊ တာဝန်ထမ်းဆောင်မည့်၊ ခြုံရေးဆောင်ရွက်မည့် အထူးရဲအင်အား(၁၃၅)ဦးကို တွေ့ဆုံ၍ ရွေးကောက်ပွဲတွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား လမ်းညွှန်မှာကြားခဲ့ကြောင်းနှင့် လိုအပ်ချက်ရှိသည့် အထူရဲတပ်ဖွဲ့၏ အချက်အလက်များအား ပြည့်စုံစွာ ဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ မြို့နယ်ရဲတပ်ဖွဲ့မှူ ရဲမှူး စောမြင့် ဦးစီးအဖွဲ့မှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေး ဆောင်ရွက်မည့် အထူးရဲများနှင့် တွေ့ဆုံမှာကြားခဲ့ကြောင်း သိရသည်။
သင်းသင်းအေး (ပြန်/ဆက်)