လှိုင်သာယာ(အနောက်ပိုင်း) သြဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် ကုလားကြီးစုကျေးရွာရှိ ရွှေဘိုလမ်း၊ အမှတ်(၁၈) ရပ်ကွက်ရှိ အောင်ဆန်းသူရိယလမ်း၊ သခင်ဖိုးလှကြီး(၂)လမ်းများတွင် မိုးတွင်းကာလ သွာလာရေးအဆင် ပြေစေရန်နှင့် လမ်းများ ပေါ်တွင် ရေကြီး ရေလျှံမှု မဖြစ်ပေါ်စေရန် လမ်းကွန်ကရစ်လမ်းခင်း ဆောင်ရွက်ရန် မြေသားပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုနှင့် ကွန်ကရစ်လမ်းခင်း ဆောင်ရွက်ပြီးစီးမှုအား ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်သာယာမြို့နယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ မြို့နယ်ရပ်/ကျေးအလုပ် အမှုဆောင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရေရှည်ခိုင်ခံ့မှုရှိစေရေး ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ တင်ပြတောင်းဆိုမှုကြောင့် တိုင်းဒေသကြီးအစိုးရမှ စီမံ ဆောင်ရွက်ပေးမှုဖြင့် (၂၀၁၉−၂၀၂၀) တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် ကုလားကြီးစု ကျေးရွာရှိ ရွှေဘိုလမ်း ကွန်ကရစ်ခင်းခြင်းဆောင်ရွက်ရန် မြေသားပြုပြင်ခြင်းဆောင်ရွက်နေမှု၊ အမှတ်(၁၈)ရပ်ကွက်ရှိ အောင်ဆန်း သူရိယလမ်း ကွန်ကရစ်လမ်းခင်း ဆောင်ရွက်ပြီးစီးမှုနှင့် သခင်ဖိုးလှကြီး(၂)လမ်း ကွန်ကရစ်လမ်းခင်းဆောင်ရွက်ရန် မြေသားပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များအား ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)