မှော်ဘီ ဩဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အမှတ်(၄)ရပ်ကွက်၊ ဘူတာကွေ့ရှိ ရန်ကုန်-ပြည်လမ်းပေါ်တွင် မိုးအဆက် မပြတ် ရွာသွန်းမှုကြောင့် နှစ်စဉ်နှစ်တိုင်း ရေကျော်မှုများ ဖြစ်ပွား လျက်ရှိသည်။
အဆိုပါ နေရာအား ရေစီးရေလာကောင်းမွန်စေရေးအတွက် ယမန်နေ့က မှော်ဘီမြို့ စည်ပင်သာယာရေး အဖွဲ့နှင့် Max Myanmar Company တို့ ပူးပေါင်းပြီး ရေမြောင်းအတွင်းပိတ်ဆို့နေသော မြေကြီးများ၊ အမှိုက်သရိုက်များကို တူးဖော်ဆယ်ယူ ရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကောင်းမြတ်သူ(ပြန်/ဆက်)