ကျိုက်ဒုံမြို့မဈေးတွင် အာဖရိကအပြင်းဖျားဝက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်စေရေး စစ်ဆေးဆောင်ရွက်

ကျိုက်ဒုံ ဩဂုတ် ၆

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့တွင် ယနေ့ နံနက် ၇ နာရီက ဒေသတွင် နေထိုင်သည့်ပြည်သူများ ကျန်းမာရေးနှင့် ညီညွှတ်စွာ ဝယ်ယူစားသုံး နိုင်စေရေးအတွက် ကျိုက်ဒုံမြို့မဈေးတွင် အသားငါးစစ်ဆေးမှုများ စစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ကျိုက်ဒုံမြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ရုံးတာဝန်ခံဦးစောပန်းစိန်၊ စည်ပင်ဦးစီးမှူးနှင့် နယ်မြေ စခန်းမှူး၊ တာဝန်ရှိသူများကအေးခဲ့အသားများ သက်တမ်းလွန်ခြင်းရှိ၊မရှိ၊ ငါးများသန့်ရှင်းလက်ဆတ်မှု ရှိ၊မရှိ၊ အာဖရိကအပြင်းဖျားဝက်ရောဂါကြိုတင် ကာကွယ်ရေးအတွက် ရောင်းချနေသော ဝက်သားများအားရောဂါပိုးရှိ၊ မရှိစစ်ဆေးခဲ့ပြီး ကျန်းမာရေးနှင့် ညီညွှတ်စွာရောင်းချသူများလိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ''ကြိုတင်သတိပြုစရာ ဝက်များတွင် ဖြစ်ပွားတက်သော အာဖရိကအပြင်းဖျားဝက်ရောဂါ'' အသိပညာပေး လက်ကမ်း စာစောင်များကို ဈေးရောင်း၊ ဈေးဝယ်သူများထံ ဖြန့်ဝေဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)