ခရမ်းမြို့နယ် OSS အဖွဲ့မှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများထဲမှ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား ကွင်းဆင်းဆောင်ရွက်

ခရမ်း ဩဂုတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် OSS အဖွဲ့မှ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ဦးစီးဌာန ရုံး နှင့် ပူး‌ပေါင်း၍ ၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများထဲမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန် လိုအပ်သူများကို ယနေ့နံနက်ပိုင်းက  ခရမ်းမြို့နယ် ပန်းတောချောင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြသည်။

မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲစာရင်းတွင် အမည်ပါပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိဟု ဖော်ပြထားသူများအား ကွင်းဆင်းစိစစ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများအား ဆောင်ရွက်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်ပြီး မည်သည့်ကတ်ပြားမျှ မကိုင်ဆောင်ရသေးသူများအား ရရှိသင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် လုပ်ငန်း စီမံချက်ရေးဆွဲပြီး အရှိန်အဟုန်မြှင့်၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေး လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း  သိရသည်။

ထို‌သို့‌ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ မြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်း၍ ရပ်ကွက်/ကျေးရွာများ အလိုက်ခွဲ၍ ဆောင်ရွက်ပေးလျက်ရှိ ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန ရုံးမှ သိရှိရသည်။

ကိုမင်း (ခရမ်း)