ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ရေဝင်ရောက်

ကော့ကရိတ် သြဂုတ် ၆

ကရင်ပြည်နယ် ကော့ကရိတ်မြို့တွင် သြဂုတ် ၂ ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့၏နေအိမ်များ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ကော့ကရိတ်မြို့ အမှတ် ၄ ရပ်ကွက်တွင် အိမ်ခြေ (၁၅) လုံး၊ အမှတ် (၅) ရပ်ကွက်တွင် ရေ တစ်ပေခွဲခန့်တက်ပြီး အိမ်ခြေ (၃၀) လုံး ရေဝင်ရောက်ခဲ့ကာ အိမ်ထောင်စု (၁) စု ကျား/မ (၆) ဦးမှာ အမှတ် ၅ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအသစ်သို့ ပြောင်းရွှေ့ထားရကြောင်း သိရှိရသည်။

စိုးထက်အောင်(ပြန်ဆက်)