ကော့ကရိတ်မြို့ မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံ​တော်အကြီးအကဲများ၏လှုပ်ရှား​ဆောင်ရွက်မှုမှတ်တမ်းများနှင့်​ ရွေး​ကောက်ပွဲအ​ကြောင်းသိ​​ကောင်းစရာများပြသ​ဆောင်ရွက်ထား

​ကော့ကရိတ် သြဂုတ် ၆

ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနရှိ ရုံး​ရှေ့​မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြည်သူများ အသိပညာ ဗဟုသုတရရှိ​စေ​ရေးအတွက် နိုင်ငံ​တော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြုလှုပ်ရှား​ဆောင်ရွက်မှုမှတ်တမ်းများ၊ ၂၀၂၀ ပြည့်နှစ် အ​ထွေ​ထွေ​ရွေး​ကောက်ပွဲအ​ကြောင်းသိ​ကောင်းစရာများ မြို့နယ်လှုပ်ရှား​ဆောင်ရွက်မှုမှတ်တမ်းများကို ပြသ​ဆောင်ရွက်​ထားသည်။

အဆိုပါ အသိပညာ​ပေးနံရံကပ်ပြဘုတ်တွင် နိုင်ငံ​တော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြုမှတ်တမ်းဓါတ်ပုံများ၊ ၂၀၂၀ ပြည့် အ​ထွေ​ထွေ​ရွေး​ကောက်ပွဲသိ​ကောင်းစရာများ၊ မကြာခဏ​မေး​လေ့​မေးထရှိ​သော မဲဆန္ဒရှင်စာရင်းဆိုင်ရာအ​မေးနှင့် အ​ဖြေများမဲစာရင်းတွင် မိမိအမည် မပါ ဝင်ပါက​ ဆောင်ရွက်ရမည့်နည်းလမ်းများကို ပြသ​ဆောင်ရွက်ထား​ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)