ဝေါလေမြိုင်မြို့ရှိ အသက် ၈၅ နှစ်နှင့်အထက် အဘိုး/အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်

ဝေါလေမြိုင် ဇန်နဝါရီ ၂၄

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့အတွင်း နေထိုင်လျက်ရှိသော အသက် ၈၅ နှစ်နှင့် အထက် အဘိုး/အဘွားများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးသော လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ဝေါလေမြိုင် မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာစာရေး များမှ အိမ်တိုင်ရာရောက် သွားရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် ဝေါလေမြိုင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အဘိုး/အဘွား(၄)ဦးနှင့် လော့ခေါ်ကျေးရွာရှိ အဘိုး/အဘွား(၃)ဦး စုစုပေါင်းအသက်၈၅နှစ်နှင့်အထက် အဘိုး/အဘွား(၇)ဦး အား ပထမသုံးလပတ် အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ တစ်ဦးလျှင် ၃၀,၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ ၂၁၀,၀၀၀ ကျပ်ကို အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)