ချောင်းဆုံ ဩဂုတ် ၆
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကိုဗစ်-၁၉ (CERP) အစီအစဉ်အရ စပါးမျိုးစေ့မျိုးသန့်များ ရရှိစေရန်၊ ရေမြေဒေသနှင့်ကိုက်ညီသည့် အရည်အသွေးမြင့် စပါးမျိုးကောင်းမျိုးသန့်များရရှိစေရန်နှင့် တစ်ဧကထွက်နှုန်းတိုးတက်စေရေးအတွက် မျိုးသန့်မျိုးပွားမျိုးစေ့ (RS)ကို အသုံးပြုပြီး မျိုးသန့်မျိုးစေ့(CS)ကိုရရှိပြီး အရည်အသွေးပြည့်မီစေရန်အတွက် ချောင်းဆုံမြို့နယ်မျိုးစေ့ထုတ်ဧက(၂၀၀)ကို ယခုနှစ်မိုးရာသီ တွင် စိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုရေးဦးစီးဌာနမှ သိရသည်။
အဆိုပါမျိုးစေ့ထုတ်ဧကများကို မြို့နယ်အတွင်းရှိ တောင်စွန်းကျေးရွာ၊ ကော့မုပွန်ကျေးရွာ၊ ကမာကေးကျေးရွာနှင့် ကော့ကဒိုက် ကျေးရွာ များရှိ လယ်စိုက်တောင်သူ(၄၂)ဦးတို့အား မျိုးကွဲပေါ်ဆန်းရင် မျိုးစပါးများကို စိုက်ဧက(၂၀၀)တွင် စိုက်ပျိုးသွားမည်ဖြစ်ရာ အဆိုပါ စိုက်ပျိုး ထားသည့်နေရာများသို့ ဩဂုတ်လ ၅ ရက်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ဦးစီးမှူး ဦး ကျော်လွင်ထံမှ သိရှိရသည်။
ထူးအိမ်(ပြန်/ဆက်)