ရန်ကင်းမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ပြည်သူများသိရှိ​စေ​ရေး ရှင်းလင်းဆွေးနွေး

ရန်ကုန်  ဇန်နဝါရီ ၂၆

ရန်ကုန်အ​ရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများနှင့် အညီ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ပြည်သူများသိရှိ​စေ​ရေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ ည(၇)နာရီက အမှတ်(၁၅)ရပ်ကွက် နှစ်ကျိပ်ရှစ်ဆူ ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဆွေး​နွေးပွဲတွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရွေးချယ် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခြင်း၊ နည်းဥပ​ဒေများနှင့်အညီ ကြီးကြပ်​ရေးအဖွဲ့ရွေးချယ်​ရေး ရှင်းလင်းဆွေး​နွေးခြင်း၊ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဆိုင်ရာ နည်းဥပဒေများနှင့်အညီ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များ၊ နည်းဥပဒေများနှင့်အညီ ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ရေး၊ ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတို့တွင် ပြည့်စုံရမည့် အရည် အချင်းများ စသည်တို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လ၀ကမှူး၊ မြို့နယ်အခွန်ဦးစီးမှူးတို့က  ရှင်းလင်း​ဆွေး​နွေးခဲ့ကြပြီး တက်​ရောက်လာသည့် ရပ်ကွက်​နေပြည် သူများမှ သိရှိလိုသည်များကို မေးမြန်းရာ ပြန်လည်ရှင်းလင်း​ဆွေး​နွေးခဲ့​ကြသည်။

ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များရှင်းလင်း ဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ၊ ရပ်ကွက်အတွင်းရှိ ပြည်သူများ တက်​ရောက်ခဲ့​​​ပြီး အဆိုပါ ရှင်းလင်း​ဆွေး​နွေးပွဲများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များ အတွင်း အလှည့်ကျ ဆောင်ရွက်ပေးသွားမည်ဖြစ်​ကြောင်း မြို့နယ်အထွေထေွအုပ်ချုပ်ရေးဦးစီး ဌာနမှ သိရသည်။

ခင်လေး(ပြန်/ဆက်)