မော်လမြိုင် ဩဂုတ် ၆
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ်ဆောင်သို့ ယမန်နေ့ ညနေပိုင်း တွင် ကရင်ပြည်နယ် မြဝတီမြို့မှ တစ်ဆင့် ဝင်ရောက်လာသောနေရပ်ပြန်ကျား(၅၀)ဦးနှင့်မ(၃၇)ဦး စုစုပေါင်း (၈၇)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများကလက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရသည်။
ထိုသို့ Quarantine ဝင်ရောက်လာသောနေရပ်ပြန်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်း၊ ကျန်းမာရေး ဝန်ထမ်းများ၊ CBFQ ကွပ်ကဲရေး စခန်းမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီသူနာပြု၊ တပ်ဖွဲ့အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့က နွေးထွေးစွာကြိုဆိုကြပြီး အဖျား တိုင်းခြင်း၊ စာရင်းသွင်းခြင်း၊ ၎င်းတို့ တည်းခိုမည့် အဆောင်များသို့ ပို့ဆောင်ပေးခြင်း၊ စားရေးသောက်ရေးစီစဉ်ပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက် ပေးခဲ့ သည်။
Quarantine ဝင်ရောက်လာသူများကို အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၌ထားရှိပြီး အာခေါင်တို့ဖတ်၊ နှာခေါင်းတို့ဖတ်တို့အားရယူ၍ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု ရှိ/မရှိ ဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ပြီး ရက်သတ္တတစ်ပတ်တွင် ကျန်းမာရေးစစ်ဆေးမှုတစ်ကြိမ် ဆောင်ရွက်ပေးကာ ရောဂါပိုး မတွေ့ရှိပါကသက်ဆိုင်ရာ မြို့နယ်သို့လွှဲပြောင်းပြီး မြို့နယ်များမှ(၂၁)ရက် ကန့်သတ်စောင့်ကြည့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ မေလ(၁) ရက်နေ့ မှ ယနေ့အထိ ပြည်ပနိုင်ငံအသီးသီးမှနေရပ်ပြန်လာသူပေါင်း (၉၈၀၄)ဦးရှိပြီး ဖြစ်ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)