မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်ရှိ မြို့တွင်းလမ်းကတ္တရာခင်းခြင်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

ရေစကြို သြဂုတ် ၆

ရေစကြိုမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးနယ်နိမိတ်ရှိ မြို့တွင်းလမ်းကတ္တရာခင်းခြင်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေကို ယနေ့ နံနက် ၈ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

ရေစကြိမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျပ် ၁၀ သန်းအထက်လုပ်ငန်းများကို တင်ဒါစနစ်ဖြင့်ဆောင်ရွက်လျက်ရှိရာ သန်းလွင်ဦး (ရေစကြို)ကုမ္ပဏီက ငွေကျပ် ၅၄.၃ သန်းဖြင့် တာဝန်ယူဆောင်ရွက်သည့် လမ်းအရှည် ၁၈၃၀ ပေ၊ အကျယ်၁၈ ပေ၊ ထု၉ လက်မရှိသော ကျန်စစ်သားလမ်း ကတ္တရာ ခင်းခြင်းလုပ်ငန်း၊ မြသဇင်အောင်ကုမ္ပဏီက ငွေကျပ် ၈၈ သန်းနှင့် ၆၇ သန်းဖြင့်တာဝန်ယူဆောင်ရွက်သည့် လမ်းအရှည် ၂၄၈၀ ပေ၊ အကျယ် အယ ၁၈ ပေ၊ ထု ၉ လက်မရှိသော စံပယ်လမ်းကတ္တရာခင်းခြင်းလုပ်ငန်းနှင့် လမ်းအရှည် ၁၈၉၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု၉ လက်မရှိ သော ဗန္ဓုလလမ်းကတ္တရာလမ်းခင်းခြင်းလုပ်ငန်းများ ၅၀ ရာခိုင်နှုန်းပြီးစီးမှုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်သောင်းနှင့် ဦးမင်းဟန်၊  မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးတင်စိုးဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ခံအင်ဂျင်နီယာတို့က လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့်သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

နွယ်နွယ်အောင်( ပြန်ဆက်)