လဟယ် သြဂုတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကျန်းမာရေကြီးကြပ်-၂ ဆရာ/မများကို လဟယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန အစည်းအဝေခန်းမ၌ Mobile Tablet သင်တန်းပို့ချသင်ကြားလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နေသော ညွန်ကြားချက်များသိရှိစေရန်နှင့် ဆေးပညာရပ်နှင့် ပတ်သက်သောအချက်အလက်များ အလွယ်တကူလေ့လာနိုင်ရန် ကျေးလက်ကျန်းမားရေးဌာန/ခွဲများမှ အချက်အလက်များ အလွယ်တကူ ကောက်ယူနိုင်ရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်းသိရသည်။
၎င်းသင်တန်းတွင် လဟယ်မြို့နယ်မှ ကျန်းမာရေးကြီးကြပ်-၂ ဆရာ၊ ဆရာမ(၄၁)ဦးအား သင်တန်းကာလ(၅)ရက်ကြာ သင်တန်းနည်းပြ ဆရာ(၄)ဦး တို့မှ သင်တန်းပို့သွားမည်ဖြစ်ကြောင်း သင်တန်းနည်းပြ ဆရာဝန် ဒေါက်တာဇော်ဇော်ထံမှသိရှိရသည်။
ပါမင်းလှိုင်(လဟယ်ပြန်/ဆက်)