မရမ်းကုန်း သြဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် မြို့နယ်အတွင်း (၁၀)ရပ်ကွက်ရှိ ကလေးများကို ရောဂါ(၁၃) မျိုးပါဝင်သော ပုံမှန်ကာကွယ်ဆေး ထိုးခြင်း၊ ဆေးတိုက်ခြင်းများ အစီအစဉ်ကို လစဉ် လဆန်း ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဆောင်ရွက်ပေးလျက်ရှိရာ ကိုဗစ်-၁၉ ကာကွယ်သည့် အနေဖြင့် ဆေးထိုးလာသည့် ကလေးမိခင် များအား နှာခေါင်းစည်း Maskတပ်ဆင်ပြီး ဝင်ရောက်စေခြင်း၊ ဆေးထိုး ဆေးတိုက်ခြင်းကို ကလေးတစ်ဦးပြီးမှ တစ်ဦး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
လူစုလူဝေးမဖြစ်စေရန် တစ်နေ့လျှင် တစ်နာရီခြား ၁၅ ဦးနှုန်းဖြင့် ၆ပေအကွာ၊ ကလေး ၅၀ ဦးကိုသာ ဆေးထိုး ဆေးတိုက်ဆောင်ရွက်ပေးကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် သွေးလွန် တုပ်ကွေးရောဂါ ကာကွယ် ရေး အကြောင်းများအား အသိပညာပေးဟောပြောခဲ့ကြောင်း ပြည်သူ့ ကျန်းမာရေးဌာနမှ အမျိုးသမီး ကျန်းမာရေး ဆရာမ ဒေါ်ဒေါ့ထာလဲင်း ထံမှသိရှိရသည်။
ယဉ်မော်(ပြန်/ဆက်)