လဟယ်မြို့တွင် ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉‌‌ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း ဆောင်ရွက်

လဟယ် ဇန်နဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်-၁၉‌‌ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ယမန်နေ့နေ့လယ်(၁)နာရီအချိန် က မြို့နယ် ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉‌‌ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် လဟယ်မြို့နယ် ပြည်သူ့ဆေးရုံမှအရာထမ်း၊ အမှုထမ်း နေ့စား ဝန်ထမ်းစုစုပေါင်း(၁၂၀)ဦးအတွက် ကာကွယ်ဆေးတစ်လုံးလျှင် (၁၀)ဦးနှုန်းနှင့် ကာကွယ်ဆေး ဆေးလုံးရေ(၁၃) လုံး ပထမအကြိမ်ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကျန်းမာ‌ရေးဌာန ဒေါက်တာဟန်ဝင်းအောင်ထံမှ သိရှိရသည်။

ပါမင်းလှိုင်(ပြန်/ဆက်)