နတ်တလင်း သြဂုတ် ၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကလေးစာဖတ်ခန်း ပုံပြောခြင်း အစီအစဉ် ရိုက်ကူးရာတွင် အသုံးပြုရန်အတွက် ရိုက်ကူးရေး အထောက် အကူပြု ပစ္စည်းများနှင့် covid-19 ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် အသုံးပြုရမည့် ပစ္စည်းများကို ရှန်တီစေတနာ့ဝန်ထမ်းအဖွဲ့ (Shanti Volunteer Association-SVA)မှသြဂုတ်၅ ရက် နေ့လည် ၂ နာရီခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသို့ လာရောက်ပေးအပ်သည်။
ထိုသို့ ပေးအပ်ရာတွင် ရိုက်ကူးရေးပစ္စည်းဖြစ်သော Tripod (၁) ခု၊ Microphone(၁)ခု covid-19 ရောဂါကာကွယ်ရေးသုံး ပစ္စည်း များ ဖြစ်သော အခု(၅၀)ပါ Masks (၁)ဘူးlFace shield(၂)ခုSanitizer spary (၁)ဘူး Sanitizer(big)(၁)ဘူး စသည့် ပစ္စည်း များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန နတ်တလင်း မြို့နယ်ရုံးသို့ ပေးအပ်ရာ မြို့နယ်ဦးစီးမှူးမှ လက်ခဲ့ရယူခဲ့ ကြောင်းသိရသည်။
ဝင်းမြင့် နတ်တလင်း