လေရှီး ဩဂုတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ဦးဆောင်မှုဖြင့် ပြည်သူတစ်ရပ်လုံးသည် ရရှိခံစားသင့်သော အခွင့်အရေးများကို အပြည့်အဝရရှိနိုင်ရန်နှင့် အခွင့်အရေးများအပေါ် အသိအမှတ်ပြု နားလည်လက်ခံသည့် ဖွဲ့စည်း ပုံများနှင့် လုပ်ထုံးလုပ်နည်းများ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်၍ လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှု လုပ်ငန်းစဉ် အသိပညာပေး သင်တန်းကို ယနေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ အသိပညာပေး သင်တန်းဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ လေရှီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်း ဦးစီးမှူး ဦးလှဆိုင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်၏ အဓိပ္ပာယ်ကို ရှင်းလင်း ပြောကြားကာ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအောင်စံကျော်က ကလေးသူငယ်နှင့်သက်ဆိုင်သည့် ဥပဒေရေးရာများကို ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းကို လေရှီးမြို့ပေါ်ရပ်ကွက်ရှိ သင်တန်းသား၊ သင်တန်းသူ ၂၅ ဦးကို လေရှီးမြို့နယ် လူမှုဝန်ထမ်းဦးစီးမှူးနှင့် ရုံးဝန်ထမ်း များက ညနေ ၃ နာရီထိ အသိပညာပေး သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စနေမောင်မောင် (ခန္တီး)