ရန်ကင်းမြို့နယ်ရှိ ရပ်ကွက်များတွင် မဲဆန္ဒရှင်များ၏ အမည်စာရင်းကြေညာထားရှိမှု တာဝန်ရှိသူ များ ကွင်းဆင်းစစ်ဆေး

ရန်ကင်း   ဩဂုတ်  

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်း မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်မြို့နယ် ရွေးကောက် ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များက ယနေ့  နံနက်ပိုင်းတွင် ရပ်ကွက်များသို့သွားရောက်၍    မဲဆန္ဒရှင်များ၏ အမည်စာရင်းကြေညာထားရှိမှုကို ကွင်းဆင်းစစ်ဆေးကြည့်ရှု ခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာတွင်တာဝန်ရှိသူများသည်  ရန်ကင်းမြို့နယ်အတွင်း ရပ်ကွက်(၁၅)ရပ်ကွက် များရှိ ရပ်/ကျေးကော်မရှင် အဖွဲ့ခွဲ ရုံးများ၌ မဲဆန္ဒရှင်များ၏စာရင်းများ ကပ်ထားကြေညာရာတွင် စနစ်တကျ ရှိစေရေး၊ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း များကို ဩဂုတ်လ() ရက်နေ့အထိ ကြေညာထားမည် ဖြစ်ရာ ထိုကာလ အတွင်း မဲဆန္ဒရှင်စာရင်း၌ မိမိအမည်မပါရှိလျှင် ပုံစံ()ဖြင့် တောင်းယူ ဖြည့်စွက်ရန်၊  မဲစာရင်း၌ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ()ဖြင့်  တောင်းယူဖြည့်စွက် ကန့်ကွက်ရန်၊  မဲစာရင်း၌ ပါနေသည့် အချက်အလက်များကို ပြင်ဆင်လိုလျှင် ပုံစံ  (-)  ဖြင့် တောင်းယူ ဖြည့်စွက်ပြင်ဆင် ရန်တို့ကို ပြည်သူများအား အသိပေးဆွေးနွေးခြင်း၊ ပြန်လည်ပြင်ဆင်ပေးရန် လျှောက်ထားလာမှုများရှိပါက ရပ်ကွက်ကော်မရှင်အဖွဲ့ ခွဲ အနေဖြင့် သတ်မှတ်ထားသော ပုံစံများဖြင့် စနစ်တကျ ဆောင်ရွက်ရန် တို့ကို  ပြောကြား ခဲ့သည်။

ရန်ကင်းမြို့နယ်တွင်  ဆန္ဒမဲပေးနိုင်သည့် မဲရုံပေါင်း (၅၁)ရုံ ရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး မှ သိရသည်။

ဝေဝေ(ပြန်/ဆက်)