ရန်ကုန် သြဂုတ် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများနှင့်မြို့နယ် စည်ပင် သာယာရေး ကော်မတီဝန်ထမ်းများသည် လှိုင်မြို့နယ်ရှိ ရပ်ကွက်များ၌ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက်၈နာရီ ကစ ၍ အမှတ်(၁) ရပ်ကွက်၊ လှိုင်မြစ်လမ်းသွယ်(၂)လမ်းတွင် မိုးရာသီ သွေး လွန်တုပ်ကွေးရောဂါမှကာကွယ်ရန် အတွက်ခြင်ထောင် (၂၅)လုံးအား ဆေးစိမ်ခြင်း၊ အုတ်ရေကန်(၄၀)ကန်၊ ရေတိုင်ကီ(၁၄၀)လုံး၊ စဉ့်အိုး(၃)လုံးတို့အားအဘိတ်ဆေးခပ်ခြင်းလုပ် ငန်းများနှင့် ခြင်များ ပိုးလောက်လန်းများ မပေါက်ဖွား စေရေးအတွက်ဖုံး၊ သွန်၊ လဲ၊ စစ်စသည့် တုပ်ကွေးရောဂါ များ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ကြည်ဇေသော်(ပြန်/ဆက်)